မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ ကွင်းအမှတ်(၅၃)၊ တပ်မြို့တွင်း ကွင်း၊ မြေကွက်အမှတ်(၁၄)၊ မြေချိန်ဧရိယာ(၀.၇၀)ဧကတွင် ပထမကမာစစ်အတွင်း အီရတ်၊ပါလက်စတိုင်း၊ ဆီးရီးယားနှင့် အာရေးဗျ စစ်မြေပြင်များတွင် အောက်တိုမန်တပ်မတော်မှ မြန်မာနိုင်ငံသို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရပြီး ကျဆုံးခဲ့သော တူရကီစစ်သားများအား အောက်မေ့သတိရခြင်းအထိမ်းအမှတ် တူရကီစစ်သချိုင်းတွင်မှတ်တိုင်(၂၂၇)ခုရှိပြီး အောက်မေ့ဖွယ်ကမည်းကျောက်စာတွင် အောက်ပါအတိုင်း ရေးသွင်းထားရှိပါသည်။ ယင်းတူရကီစစ်သချိုင်းကျောက်စာတိုင်းဖွင့်ပွဲကို (၁၇.၁၀.၁၉၉၆)ရက်နေ့(၀၈၀၀)အချိန်တွင် တူရကီ သံအမှတ်ကြီးမှ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။
မြန်မာဘာသာပြန်ဆိုချက်
ပထမကမာစစ်အတွင်း အီရတ်၊ ပါလက်စတိုင်း ဆီးရီးယားနှင့်
အာရေဗျစစ်မြေပြင်များတွင် အော်တိုမန်တပ်မတော်မှ မြန်မာနိုင်ငံသို့
စစ်သုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခံရကာ ထိုနေရာတွင် ကျဆုံးခဲ့သော
တူရကီစစ်သားများအား အောက်မေ့သတိရခြင်းအထိမ်းအမှတ်
No comments:
Post a Comment